
ရန်ကုန်မြို့တွင် စီအင်န်ဂျီ ဓာတ်ငွေ့ အရောင်းဆိုင် ၅၀ ပြည့်မီအောင် ဖွင့်လှစ်ရန်အတွက် စက်ကိရိယာများ ရောက်ရှိလာ ကျန်ရှိနေသေးသော စီအင်န်ဂျီ အရောင်းဆိုင် ၁၁ ဆိုင်ကို ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေ
ရန်ကုန်မြို့တွင် စီအင်န်ဂျီ ဓာတ်ငွေ့ အရောင်းဆိုင် စုစုပေါင်း ဆိုင် ၅၀ ပြည့်မီအောင် ဖွင့်လှစ်ရန် အတွက် စက်ကိရိယာများ ရောက်ရှိ လာပြီဖြစ်ပြီး ဖွင့်လှစ်ရန် ကျန်ရှိနေသေးသော စီအင်န်ဂျီ အရောင်းဆိုင် ၁၁ ဆိုင်ကို ဇွန်လအတွင်း အပြီးဖွင့် လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။ ရန်ကုန် တစ်မြို့လုံး၌ စီအင်န်ဂျီ ဓာတ်ငွေ့ အရောင်းဆိုင်ပေါင်း ၅၀ အထိ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ လက်ရှိအချိန်အထိ ရန်ကုန်မြို့၌ စီအင်န်ဂျီ ဓာတ်ငွေ့ အရောင်းဆိုင် ၃၉ ဆိုင်ကို ဖွင့်လှစ်ထားရှိပြီဖြစ်ပြီး ၁၁ ဆိုင် ကျန်ရှိနေသေးသည်ဟု သိရသည်။
ယင်းစနစ်ဖြင့် ဖွင့်လှစ်ရောင်း ချနေသော ဆိုင်များမှာ အင်းစိန်ရွာမ mother station မှ ဒညင်းကုန်း(၂) ယခင်အောင်ဆန်း ဓာတ်ဆီဆိုင်၊ ကျိုက္ကဆံ (ယခင် ကျိုက္ကဆံ အ၀ိုင်းလေး ဓာတ်ဆီဆိုင်)၊ စန္ဒကူးလမ်းပေါ်ရှိ ဗိုလ်တထောင် အရောင်းဆိုင် (ကပရ ၀န်း)နှင့် မယ်လမု ဘုရားရှေ့ရှိ မြောက်ဥက္ကလာပ daughter station သို့ ရွေ့လျားယာဉ်များဖြင့် သယ်ယူ ရောင်းချနေသည်ဟု သိရသည်။ ဖွင့်လှစ်ပြီး ဆိုင်များ အားလုံးတွင် NGV 1 ဓာတ်ငွေ့ဖြည့်ခေါင်းများ တပ်ဆင် ထားပြီး မည်သည့်ယာဉ်မဆို မည်သည့် အရောင်းဆိုင်တွင် ဖြစ်စေ ၀ယ်ယူ ရရှိနိုင်သည်ဟု သိရသည်။
No comments:
Post a Comment