FEC 50 တန် ကမ်းရိုးတန်းဖုန်း(CDMA-450) ကြိုတင်ငွေပေးချေကတ်များကို ဇွန်လအတွင်း စတင်ရောင်းချမည်
............................................................................
လူအများမျော်လင့်သည့် နိုင်ငံတကာ၌အသုံးပြုနေသော ကတ်ဖုန်းများကဲ့သို့ ကြိုတင်ငွေအသစ်ထပ်ဆောင်းပေးခြင်းဖြင့် နံပါတ်သက်တမ်းတိုး အသုံးပြုနိုင် သည့် FEC 50 တန် ဂျီအက်စ်အမ်ကြိုတင်ငွေပေးချေကတ်များမှာ ထွက်ရှိလာခြင်းမရှိသေးဘဲ တစ်ခါ သုံးကမ်းရိုးတန်းဖုန်း(CDMA-450) ကြိုတင်ငွေပေးချေကတ်များကို ဇွန်လအတွင်း စတင်ရောင်းချသွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင်ဖြန့်ချိရောင်းဝယ်ခွင့်ပြု ထားသည့် စင်ထရယ်လ်မားကတ် တင်းကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးစိုင်းခင်မောင်အေးက ပြောကြားခဲ့ သည်။
ဇွန်လအတွင်း စတင်ထွက်ရှိ လာမည့် တစ်ခါသုံးကမ်းရိုးတန်း ဖုန်းအမျိုးအစားမှာ ယခင် CDMA
''ဒီတစ်ခါထပ်ထွက်မှာက လူ အများသိထားတဲ့ GSM ၅၀ တန် မဟုတ်ဘူး။ အားလုံးသိထားတာက အခုထွက်ရင် FEC ၅၀ တန်ဖြစ်မယ် ဂျီအက်စ်အမ်ဖြစ်မယ်၊ သက်တမ်း တိုးလို့ရတဲ့ကတ်ဖြစ်မယ်လို့ သိထား ကြတယ်။ အဲဒီအမျိုးအစားမဟုတ် ဘူး။ အခုထွက်မှာက CDMA-450 တစ်ခါသုံး FEC ၅၀တန် Prepaid Card ဖြစ်မယ်။ ဖုန်းနံပါတ်လုံးဝ သက်တမ်းတိုးလို့မရပါဘူး။ CDMA Hand Set နဲ့အသုံးပြုရမှာပါ။ ဇွန်လ အတွင်းထွက်ရှိပါမယ်''ဟု ဦးစိုင်းခင် မောင်အေးက ပြောကြားခဲ့သည်။
CDMA-450 Sim Card များ ကိုဝယ်ယူသူများအနေဖြင့် ဖုန်း နံပါတ် 09477xxx နှင့် 09488xxx ဖြင့် စတင်မည့်ဂဏန်းရှစ်လုံးပါ CDMA-450 ဖုန်းနံပါတ်တစ်ခုကို ရရှိမည်ဖြစ်သည်။
No comments:
Post a Comment