Saturday, June 6, 2009

မိုဆူးလ်မြို့၌ ကားဗုံးပေါက်ကွဲတိုက်ခိုက် အရပ်သားတစ်ဦးသေဆုံး ၊ခြောက်ဦးဒဏ်ရာရ

အီရတ်နိုင်ငံ မိုဆူးလ်မြို့၌ ဇွန် ၄ရက်တွင် လုံခြုံရေးတပ်ဖွဲ့ ယာဉ်တန်းကို ပစ်မှတ်ထားလျက် အသေခံကားဗုံးဖောက်ခွဲမှုဖြစ်ပွားရာ အီရတ်ပြည်သူတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားသည်။
ယင်းဖြစ်ပွားမှုသည် မိုဆူးလ်မြို့တောင်ပိုင်းရှိ ဒါဝါဆာရာဒေသ၌ ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းရပ်ကွက်၏ ပြောကြားချက်ကို ဆင်ဟွာသတင်း၌ ဖော်ပြသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာသို့ အီရတ်လုံခြုံရေးတပ်ဖွဲ့ ချက်ချင်းရောက်ရှိလာကာ ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ကြောင်း သို့ရာတွင် နိုင်ငံစုံတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်ပေါ်ခဲ့ပေ။
ဘဂ္ဂဒက်မြို့ မြောက်ပိုင်း ကီလိုမီတာ ၄၀၀ရှိ မိုဆူးလ်မြို့၌ အယ်လ်ခိုင်ဒါအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိသည်။

No comments:

Post a Comment