
နေပြည်တော် ပျဉ်းမနား အမှတ် (၁)မြို့မဈေးကြီး အတွင်းရှိ ဆိုင်ခန်း တစ်ခန်းလျင် ကျပ် ၇၅ သိန်းမှ ယခု ကျပ်သိန်း ၆၀ သို့ ပြောင်းလဲသတ် မှတ်ခဲ့ပြီး ဆိုင်ခန်းများကို လျောက်လွှာ ခေါ်ယူလျက်ရှိကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ သိရသည်။
'' ဒီဈေးကို ပြန်လည်အဆင့်မြှင့်ပြီး ဆိုင်ခန်းတစ်ခန်းကို အရင်က ၇၅ သိန်းနဲ့ လျောက်လွှာ ခေါ်ယူပြီး အခုလက်ရှိမှာတော့ ကျပ် ၇၅ သိန်း ကနေ ကျပ်သိန်း ၆၀ အထိလျော့ပြီး လျောက်လွှာ ခေါ်ယူထားတယ်၊ ဈေး ဆိုင်ခန်းတွေကိုတော့ အရင်နေရာက သူတွေကို ဦးစားပေးရောင်းချသွား မှာပါ၊ မဲနှိုက်စနစ်နဲ့ ဆိုင်ခန်းတွေကို ရောင်းချပေးမှာ၊ နေပြည်တော်မှာ မြို့ရဲ့အင်္ဂါရပ်နဲ့အညီ အဆောက်အအုံ တွေလည်း ပြင်ဆင်ဆောက်လုပ်ပေး သွားမှာပါ''ဟု နေပြည်တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ က ဆိုသည်။
နေပြည်တော် ပျဉ်းမနား အမှတ်(၁)မြို့မဈေးကြီးအတွင်း ဆိုင် ခန်းအသစ်ပြန်လည် တည်ဆောက်ခြင်းကို ‘ဒိုင်းမွန်းမာကျူရီ ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေပြီး ၈ပေ၊ ၁၀ ပေ ဆိုင်ခန်း ၇၆ ခန်းပါဝင်ကာ ဆိုင် ခန်းအသစ်များတွင် အထည်အလိပ်၊ လျပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဖန်စီဆိုင်များသာ ရောင်းချခွင့် ပြုထားပြီး ယခုအခါ ဆိုင်ခန်းတစ်ခန်းလျင် ကျပ်သိန်း ၆၀ ဖြင့် လျောက်လွှာများ ခေါ်ယူလျက်ရှိသည်။
No comments:
Post a Comment