A(H1N1) တုပ်ကွေးရောဂါသည် နေရာအနှံ့ ကူးစက်ပြန့်ပွားသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ် ရောဂါသတိပေးမှုအဆင့် (၆) အဖြစ် သတ်မှတ်ထားကာ A(H1N1) တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကမ္ဘာ့ အစိုးရများအား ဇွန် ၁၁ရက်က နှိုးဆော်ပြီး ရက်ပိုင်းအတွင်းမှာပင် ထိုရောဂါဖြင့် လူနာတစ်ဦးသေဆုံးကြောင်း စကော့တလန် ပြည်နယ်ကျန်းမာရေးဌာနက ဇွန် ၁၄ရက်တွင် ကြေညာသည်။
အဆိုပါ A(H1N1)တုပ်ကွေးရောဂါဖြင့် လူသေဆုံးမှုမှာ ဥရောပတွင် ပထမဆုံး အသက်ဆုံးပါးရသည့် A(H1N1) တုပ်ကွေးရောဂါသည်ဖြစ်သည်။
အဆိုပါ A(H1N1)တုပ်ကွေးရောဂါဖြင့် လူသေဆုံးမှုမှာ ဥရောပတွင် ပထမဆုံး အသက်ဆုံးပါးရသည့် A(H1N1) တုပ်ကွေးရောဂါသည်ဖြစ်သည်။
ဗြိတိန်နိုင်ငံ၌ A(H1N1) တုပ်ကွေးဖြစ်သူပေါင်း ၁၂၆၁ ဦးဖြင့် ဥရာပနိုင်ငံများတွင် ဝေဒနာရှင်အများဆုံး ဖြစ် သည်။ ယင်းတို့အနက် စကော့တလန်ပြည်နယ်၌ A(H1N1) တုပ်ကွေးဖြစ်ပွားသူ ၄၉၈ဦးရှိသည်။
No comments:
Post a Comment