Tuesday, June 9, 2009

ကက်ရှ်မီးယားတွင် ဘတ်စ်ကား မြစ်ထဲထိုးကျ၊ ၂၆ ဦးသေ

ခရီးသည် ဘတ်စ်ကားတစ်စီးသည် အိန္ဒိယ လက်အောက်ခံ ကက်ရှိမီးယားဒေသရှိ မြစ်အတွင်းသို့ ထိုးကျနစ်မြုပ်သွားရာ ခရီးသည် ၂၆ ဦးထက်မနည်း သေဆုံးပြီး၊ အခြားလေးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားသော မတော်တဆမှုတွင် ကားမောင်းသမားသည် တောင်တက်လမ်းတစ်ခုတွင် ကားကိုမထိန်းနိုင်ဘဲ ရုတ်တရက် ကွေ့လိုက်ရာ ဒိုဒါခရိုင်ရှိ ရှီနဗ်မြစ်ထဲသို့ ထိုးကျသွားခြင်း ဖြစ်သည်။
အိန္ဒိယစစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေသော်လည်း ရေစီးသန်ပြီး နက်ရှိုင်းသောကြောင့် လုပ်ငန်းနှောင့်နှေးလျက်ရှိသည်။
အိန္ဒိယတွင် နှစ်စဉ်ယာဉ်မတော်တဆမှုကြောင့် ရာပေါင်းများစွာ အသက်ဆုံးရှုံးရသည်။ မတော်တဆမှု အများစုမှာ မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းတံတားပြင်ဆင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် သက်တမ်းကြာမြင့်၍ အိုဟောင်းနေသည့် ယာဉ်များကြောင့်ဖြစ်သည်ဟု ဆိုသည်။

No comments:

Post a Comment