Saturday, June 6, 2009

အိုအေအက်စ်သည် အမေရိကန်၏ အဖျက်အမှောင့်အဖွဲ့သာဖြစ် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်လ်ကက်စထရိုဝေဖန်ပြောကြား

အမေရိကနိုင်ငံများအဖွဲ့(အိုအေအက်စ်)သည် ကျွန်းနိုင်ငံကျူးဘားအပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ချလင့်ကစား ယင်းအဖွဲ့သည် အမေရိကန်ဘက်မှ လျှိုဝင်လာသော ရန်သူလက်ပါးစေ အဖျက်အမှောင့်အဖွဲ့ဝင်ဖြစ်ကြောင်း ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်လ်ကက်စထရိုက ဇွန် ၃ ရက်တွင် ဝေဖန် ပြောကြားလိုက်သည်။
ကျူးဘားနိုင်ငံကို ၁၉၅၉ ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ကက်စထရိုသည် စုပေါင်းဆောင်ရွက်သော ယင်းအဖွဲ့အစည်းအတွင်းသို့ ၀င်ရောက်သွားနိုင်သည့် ကျူးဘားနိုင်ငံ၏ အလားအလာကို စာရင်းမှ ပယ်ဖျက်ခဲ့သည်။
ကျူးဘားနှင့် အခြားလက်တင်အမေရိက နိုင်ငံများအပေါ် အမေရိကန်ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ အားလုံးတွင် အိုအေအက်စ်သည် ကြံရာပါဖြစ်ခဲ့ကြောင်း အစိုးရပိုင်မီဒီယာ၏ ဇွန် ၃ ရက်တွင် ထုတ်ဝေသော ဆောင်းပါးတွင် ဖီအယ်လ်ကက်စထရို၏ ပြောကြားချက်ကို ထည့်သွင်းဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံသည် ကျုးဘားနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေး ထပ်မံတိုးမြှင့်ပိတ်ဆို့မှုအဖြစ် ကျုးဘားနိုင်ငံ၏ ခေတ်ပြောင်းတော်လှန်ရေးဆင်နွှဲပြီး သုံးနှစ်အကြာ ၁၉၆၂ ခုနှစ်၌ ကျုးဘားနိုင်ငံကို အိုအေအက်စ်အစည်းအဝေးများ တက်ခွင့်ပိတ်ပင်ခဲ့သည်။
အိုအေအက်စ်သည် ဒေသအတွင်းရှိ အခြားနိုင်ငံများကို အမေရိကန် ၀င်ရောက်စွက်ဖက်နိုင်ရန် ကူညီဆောင်ရွက်နေခြင်းမျှသာဖြစ်ကြောင်း ကက်စရို၏ ဆောင်းပါးတွင် စွပ်စွဲထားပြီး ယင်းအဖွဲ့ကိုလည်း တရားဝင်ဖျက်သိမ်းပစ်ရန် ကက်စထရိုက တောင်းဆိုခဲ့သည်။

No comments:

Post a Comment