Monday, June 8, 2009

ရုရှားဒေသဆိုင်ရာဝန်ကြီး လုပ်ကြံခံရ

ရုရှားနိုင်ငံ ဒါဂျစ်စတန်ဒေသမှ ပြည်ထဲရေးဝန်ကြီးသည် မြို့တော်မာခါစကာလာတွင် သောကြာနေ့က သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသွားကြောင်း ရုရှားသတင်းဌာနများက ဖော်ပြသည်။
၎င်းနှင့်အတူ အခြားနှစ်ဦးလည်း ဒဏ်ရာရရှိကြသည်။
ဝန်ကြီးအေဒီးလ်ဂျီရိုင်းမာဂိုမက် တာဂီရော့ဗ်သည်ရရှိသော သေနတ်ဒဏ်ရာဖြင့်ပင် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီတွင် ဆေးရုံ၌ သေဆုံးသွားသည်။ မာခါစကာလာမြို့မှ စားသောက်ဆိုင်တစ်ဆိုင်အတွင်း ၀င်ရောက်စဉ်အပစ်ခံရခြင်း ဖြစ်သည်။
သောကြာနေ့က သီးခြားအဖြစ်အပျက်တစ်ခုမှာ ကော့ကေးဆပ်အနီး အင်ဂူရှီရှာဒေသတွင် တိုက်ပွဲဖြစ်ပွားရာ သေနတ်သမားလေးဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြသည်။

No comments:

Post a Comment