Friday, June 12, 2009

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက သီရိလင်္ကာနိုင်ငံသို့ အကူအညီအဖြစ်အလှူငွေပေးအပ်

သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ မြောက်ပိုင်းဒေသ၌ လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည့် ပြည်သူတို့အတွက် မြန်မာနိုင်ငံက သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် အလှူငွေပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည်။
အဆိုပါလှူဒါန်းသည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာနယူတန်ဂုဏရတနာနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင်ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရကိုယ်စား နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီးဦးဉာဏ်ဝင်းက အမေရိကန်ဒေါ်လာငါးသောင်းကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာနယူတန်ဂုဏရတနာက လက်ခံပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

No comments:

Post a Comment