Thursday, June 18, 2009

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းတွင် သူနာပြုဆရာမကို တာလီဘန်များကသတ်

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းတွင် အစိုးရကို ဆန့်ကျင်သော တာလီဘန်တိုက်ခိုက်ရေးသမားများက သူနာပြုဆရာမစုံတွဲကို သတ်ပစ်လိုက်ကြောင်း၊ ၄င်းဆရာမစုံတွဲသည် ဆိုင်ကယ်စီးလာစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ ဒေသခံရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒူလ်ရော့ပ်အာမာဒီက ဇွန် ၁၄ရက်တွင် ပြောကြားသည်။
အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော တာလီဘန်စစ်သွေးကြွများက အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်ရာ ဇွန်၁၃ရက်ညက သူနာပြုဆရာမစုံတွဲသည် ကံမကောင်းအကြောင်းမလှစွာဖြင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အာမာဒီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
သူနာပြုဆရာမစုံတွဲသည် ခိုမာလစ်ကျေးရွာသို့ လူနာကြည့်ရန် ဆိုင်ကယ်နှင့်သွားစဉ် ဖာရတ်ဝှမ်ပြည်နယ်အပြင်ဘက်တွင် စစ်သွေးကြွများ၏ ပစ်ခတ်ခြင်းကို ခံရခြင်းဖြစ်သည်။ တာလီဘန်များသည် မကြာခဏဆိုသလိုပင် ကျောင်းများနှင့် ဆရာ၊ ဆရာမများကို ဒုက္ခပေးလေ့ရှိသဖြင့် ကျောင်းများရာချီ၍ ပိတ်ရလေ့ရှိသည်။ အများဆုံးဖြစ်ပွားသော နေရာများမှာ တောင်ပိုင်းရှိ ပြည်နယ်များဖြစ်သည်။

No comments:

Post a Comment