Thursday, June 4, 2009


ရန်ကုန်မြို့တော်အတွင်း ခရိုင်လေးခုကို ဖြတ်သန်းစီးဆင်းလျက်ရှိသော ချောင်းနှင့် မြောင်းမကြီး ၄၈ ခုအား ပြန်လည်တူးဖော်၍ ချောင်းဧရိယာ နယ်နိမိတ်များ ပြန်လည်သတ်မှတ်သွားမည်
............................................................................

ရန်ကုန်မြို့တော်အတွင်းရှိ ခရိုင် လေးခုကို ဖြတ်သန်းစီးဆင်းလျက် ရှိသော ချောင်းနှင့် မြောင်းမကြီး ၄၈ ခုအား ပြန်လည်ပြင်ဆင်တူးဖော်မှု များပြုလုပ်၍ ချောင်းနှင့် မြောင်းဧရိ ယာ နယ်နိမိတ်များကို ပြန်လည် သတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် မုန်တိုင်း၏ အကျိုးသက်ရောက်မှုကြောင့် မေလ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့ တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်မြို့အနှံ့ ရေလျံမှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ စည်းကမ်းမဲ့ စွန့်ပစ် ထားသော အမှိုက်များ ချောင်းနှင့် မြောင်းများအတွင်း ပိတ်ဆို့နေခြင်း၊ ချောင်း မြောင်းများ၏ဧရိယာများ တွင် ကျူးကျော်၍ အဆောက်အအုံ များ၊ နေအိမ်များ ဆောက်လုပ်ခြင်း တို့ကြောင့် ချောင်းမြောင်းများအတွင်း ရေစီးရေလာ ကောင်းမွန်ခြင်းမရှိဘဲ ပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ မြို့ပေါ် လမ်းများပေါ်သို့ ရေများ ရေလျံလာ ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ဆိုပါသည်။

ယင်းနှင့်ပတ်သက်၍ မြို့တော် ၀န်က ''မုန်တိုင်းရှိလို့ မိုးကလည်း အရမ်းရွာတယ်။ရေတက်ရက်လည်း ဖြစ်နေတယ်။ပြီးတော့ချောင်းတွေထဲ ကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ တွေကြောင့် ချောင်းတွေ မြောင်းတွေ ပိတ်နေတာရယ်။ အဲဒီချောင်းတွေ မြောင်းတွေနားမှာ ကျူးကျော်ပြီး အဆောက်အအုံတွေ ဆောက်တယ်။ နေအိမ်တွေဆောက်တာတွေကြောင့် ပိတ်တာတွေရယ် နေရာတော်တော် များများမှာ ရေလျံသွားပါတယ်။ တချို့ချောင်းတွေဆိုရင်ရေစီးကြောင်း ပြောင်းပြီး တစ်ဆစ်ချိုးဖြစ်သွားတာ တွေရှိပါတယ်။ အဲဒါတွေကို စက် တွေနဲ့ လိုက်တူးပြီး ရှင်းလင်းနေပါ တယ်။ ကားလမ်းဖြတ် မြောင်းကြီး တွေလည်း ပြန်လုပ်ထားပါတယ်။

အရင်ကမြောင်းတွေကကျယ်ပေမယ့် နောက်ပိုင်း အဆောက်အအုံတွေ ပြန် ဆောက်ကြတဲ့အခါ ကျဉ်းသွားတာ တွေလည်း ရှိတယ်။ အဲဒါကြောင့် မြောင်းတွေကို ချဲ့နေတဲ့အပြင် စက် တွေနဲ့ ပြန်လည်တူးဖော်ပြီး ချောင်း တွေ မြောင်းတွေရဲ့ ဧရိယာကို ပြန် သတ်မှတ်သွားမှာပါ။ အဲဒီအခါမှာ ချောင်းတွေ မြောင်းတွေရဲ့ဧရိယာကို ကျူးကျော်ပြီး အဆောက်အအုံတွေ နေအိမ်တွေ ပိတ်ဆောက်ထားတာတွေ လည်း ဖယ်ရှားသွားမှာပါ။ စည်ပင် က ခွင့်ပြုပေးထားခြင်းမရှိတဲ့ ပုဂ္ဂလိ က အမှိုက်သိမ်းသူတွေ၊ ချောင်းထဲ အမှိုက်ပစ်သူတွေကိုလည်း စစ်ဆေး အရေးယူသွားမယ်''ဟု ပြောကြားခဲ့ ပါသည်။

No comments:

Post a Comment