Wednesday, June 3, 2009

ခရီးသည် ၂၂၈ ဦး တင်ဆောင်ပျံသန်းသွားသော ပြင်သစ်လေယာဉ် ပျောက်ဆုံးလျက်ရှိ

ခရီးသည် ၂၂၈ ဦး တင်ဆောင်ပျံသန်းသွားသော ပြင်သစ် လေကြောင်းပိုင်လေယာဉ် သည် ဘရာဇီး နိုင်ငံ ကမ်း လွန်အတ္တလန္တိတ် သမုဒ္ဒရာရေပြင် တွင် ပျောက်ဆုံးလျက်ရှိသဖြင့် ဘရာဇီး လေတပ်ဖွဲ့က ရှာဖွေ လျက် ရှိသည်။ ရီယိုဒီဂျနေးရိုလေဆိပ်မှ တနင်္ဂနွေနေ့ ည ၇ နာရီတွင် ပျံတက်သွားပြီး ပြင်သစ် နိုင်ငံ ချားလ်ဒီဂေါလ် လေဆိပ်သို့ ဦးတည်သွားနေသည့် ခရီးစဉ် အမှတ် ၄၄၇ အဲဘတ်စ် ၃၃၀-၂၀၀ လေယာဉ် သည် ပျံတက် သွားပြီး မကြာမီမြေပြင်ထိန်းချုပ် ရေးစခန်းနှင့် အ ဆက်အသွယ်ပြတ် သွား သည်။ ထိုလေယာဉ်မှာ အပိုင်စီး ခံရခြင်းမဟုတ်ဘဲ မ တော်မဆ အန္တရာယ်တစ်စုံတရာနှင့် ကြုံတွေ့ရခြင်း ဖြစ် ဖွယ်ရာရှိသည်ဟု ပြင်သစ် သဘာဝပတ်ဝန်း ကျင် ထိန်း သိမ်းရေးဝန်ကြီး ဂျင်လူဝစ်ဘော်လိုက ပြော ကြားသည်။ လေယာဉ်သည် မိုးကြိုးပစ်နေပြီး လေထုမငြိမ်မသက်ဖြစ်နေ သော ဇုန်ကို ဖြတ်သန်းသွားပြီး နောက် လျှပ်စစ်ပတ် လမ်းဆိုင်ရာ ချွတ်ယွင်း မှု ဖြစ်ပွားခဲ့ ကြောင်း သတင်းပေးပို့ခဲ့သည် ဟု လေဆိပ်ဝန် ထမ်း တစ်ဦးကပြောကြားသည်။ ယခုအချိန်တွင် လေယာဉ်သည် ဆီကုန် လောက် ပြီဖြစ်သဖြင့် ကြေကွဲဖွယ်ရာအဖြစ်ဆိုးနှင့် ရင်ဆိုင် ကြရဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၂၁၆ ဦး နှင့် လေယာဉ် အဖွဲ့သား ၁၂ ဦးတို့ လိုက်ပါသွားသည်။ ခရီးသည်များအနက် လူမမယ်ကလေးငယ် တစ်ဦး၊ အမျိုးသမီး ၈၂ ဦး ၊ အ မျိုးသား ၁၂၆ ဦး ပါဝင်ကြောင်း ပြင်သစ်လေကြောင်းမှ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားသည်။ ထိုလေယာဉ်ကို ၂၀၀၅ ခုနှစ်က စတင်အသုံးပြုပြီး ၂၀၀၉ ခုနှစ် ဧပြီ ၁၆ ရက်က ကြံ့ခိုင်ရေး ပြန်လည်ပြုလုပ် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment