
သွားစိန်တပ်၍ အလှဆင်ခြင်း ဖက်ရှင်မှာ လွန်ခဲ့သော ဆယ်စုနှစ် ကတည်းက ခေတ်စားခဲ့ကာ လက်ရှိ အချိန်တွင် ပိုမိုတွင်ကျယ်လာကြောင်း သိရသည်။ သို့သော် စိန်အစစ်ဖြင့် တပ်ဆင်ပါကသွား ကျန်းမာရေး အတွက်နောက် ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု သွားဘက် ဆိုင်ရာ ဆရာဝန်များထံမှ သတင်း ရရှိသည်။
''ဒီနေ့ခေတ်က ဖက်ရှင်ခေတ် ဆိုတော့ အလှအပအတွက် အချိန် ပေးပြုလုပ်လာကြတယ်။ ဒီအထဲမှာ သွားစိန်တပ်ခြင်းက လူငယ်တွေ ကြားမှာ ရေပန်းစားလာတာကြာပါ ပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်က အရမ်းဈေးကြီးတော့ လူတန်းစား မရွေးမလုပ်လုပ်နိုင်ကြပါဘူး။ အခု ဈေးနှုန်းသက်သာတဲ့ သွားကပ်စိန် တွေ ပေါပေါများများ ဈေးကွက်ထဲ ၀င်လာတော့ ပြုလုပ်သူများလာပါ တယ်''ဟု သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးက ဆိုသည်။
သွားကပ်စိန်များမှာ တွင်းထွက်ကျောက်မျိုး မဟုတ်ဘဲ အရောင်တီထွင် ဖန်တီးပြုလုပ်ထားသော ကျောက်ရောင်စုံဖြင့် အရောင်အသွေး မျိုးစုံရှိကြောင်း သိရ သည်။ အဖြူ၊ အစိမ်း၊ အပြာ၊ အနီ အရောင်မျိုးစုံရှိကာ တပ်ဆင်လိုသူ စိတ်ကြိုက်ရွေးချယ် အလှဆင်နိုင် ကြောင်း သိရသည်။
သို့သော် ငွေကြေးတတ်နိုင် သော သူအချို့မှာ စိန်အစစ်ဖြင့် သွားအလှဆင်မှုများပြုလုပ်ကြ ပြီး ရေရှည်တွင် သွားကျန်းမာရေး ပြသနာများဖြစ်ပေါ်လာနိုင်ခြင်း နှင့်ပတ်သက်၍ IHCB & S Dental Art သွားဆေးခန်းမှဒေါက်တာ အောင်ကျော်က '' စိန်အစစ်ကိုသွား မှာဖောက်ထည့်ရင် ပိုလက်တယ်။ ပိုအလင်းပြန်တယ်။ ဒါကိုငွေကြေး တတ်နိုင်သူအချို့က ရွေးချယ် တတ် လာကြတယ်။ စိန်အစစ်က ချောနေ တော့ အချွန်ဘက်ကို သွားရဲ့အောက် ခြေမှာထားရတယ်။
ပိရမစ်ပြောင်းပြန်ပုံစံပေါ့။ သွားကို ဖောက်ပြီးစိန်မြှုပ်ရတယ်။ နောက်ပြီး ဘေးပတ်ပတ်လည်မှာ လေဆာနဲ့ပြန် ဖာရတယ်။ ပြုတ်သွားတာပဲဖြစ်ဖြစ်၊ မလိုချင်တော့တဲ့အခါ သွားမှာ အ ပေါက်ဖြစ်ကျန်ခဲ့တယ်။ ဒါကို လေ ဆာနဲ့ ပြန်ဖာမယ်ဆိုရင် သတ်မှတ် ထားတဲ့အချိန် တစ်ခုအထိပဲ ဖာလို့ရ တယ်။ လေဆာနဲ့ပြုလုပ်တဲ့ အကြိမ် အရေအတွက် များလာတော့ ရေရှည် မှာ သွားပိုးစားတာတွေ၊ သွားဖာတာ၊ နောက်ပိုင်း ဒီသွားက မကောင်းတာ တွေဖြစ်နိုင်တာကြောင့် မလုပ်သင့်ပါ ဘူး''ဟု ပြောပါသည်။
''ဒီဆေးခန်းမှာ သွားလှဖို့ စိန် ကပ်ချင်သူတွေကို သွားကပ်စိန်နဲ့ပဲ ကပ်ပေးပါတယ်။ စိန်အစစ်ဆိုရင် ရေရှည်ဖြစ်ပေါ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေရှိလာနိုင်လို့ပါ။ သွား ကပ်စိန်နဲ့ကပ်ရင် မတော်တဆဗိုက် ထဲဝင်ခဲ့ရင်လည်းအစာလမ်းကြောင်း အတိုင်း ပြန်ထွက်သွားမှာပါ'' ဟု ဒေါက်တာအောင်ကျော်က ဆက် လက်ရှင်းပြခဲ့သည်။
သွားစိန်ကပ်ခြင်း ဖက်ရှင်မှာ အမေရိကန်၊ ဥရောပနိုင်ငံများမှ ဆင်းသက်လာသော ဖက်ရှင်ဖြစ်ပြီး ယခုနောက်ပိုင်းတွင် တရုတ်နိုင်ငံ ဘက်မှလည်း ဈေးနှုန်းသက်သာစွာ ဖြင့်ထုတ်လုပ်လာခြင်းကြောင့် အလှ ပြင်ဆိုင်များတွင်လည်း စိန်ကပ်မှု ပြုလုပ်လာကြောင်း သိရသည်။
အလှပြင်ဆိုင်များတွင် သွား စိန်ကပ်အလှဆင်ပါက ကျောက် တစ်လုံးလျင် ကျပ်တစ်ထောင်မှကျပ် သုံးထောင်အထိဈေးရှိပြီး သွားဆေး ခန်းများတွင်အလှဆင်ပါကကျောက် တစ်လုံးလျင် ကျပ်နှစ်သောင်းခွဲမှ သုံးသောင်းဝန်းကျင်ထိရှိပြီး အသုံး ပြုသောပစ္စည်းများပေါ်တွင် မူတည် ကာ ဈေးနှုန်းကွာခြားကြောင်း သိရ သည်။
ခေတ်လူငယ်များအနေဖြင့် အ လှအပအတွက်ပြုလုပ်ရာတွင် လှပမှု တစ်ခုတည်းကိုသာ ရှေးရှုပြုလုပ်လေ့ ရှိနေကြသောကြောင့် ရေရှည်ဖြစ်ပေါ် လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများ ကို သတိပြုသင့်ကြောင်း သွားဘက် ဆိုင်ရာ ဆရာဝန်များက သုံးသပ်ကြ သည်။
No comments:
Post a Comment