Monday, June 8, 2009

တရုတ်အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသ၌ မုန်တိုင်းများကြောင့် ၂၇ ဦးသေဆုံး

တရုတ်အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိ ပြည်နယ်ငါးခုအား မုန်တိုင်းတိုက်ခတ်မှုကြောင့် ၂၇ ဦးသေဆုံးပြီး ကောက်ပဲသီးနှံစိုက်ခင်းဟက်တာ ၃၄၁၀၀၀ကျော် ပျက်စီးခဲ့ကြောင်း သောကြာနေ့တွင် မြို့ပြရေးရာဝန်ကြီးဌာနက ဖော်ပြသည်။
ဇွန် ၅ရက် ညနေ၅ နာရီက ဟီနန်၊အင်ဟူ၊ရှန်စီ၊ရှန်ဒူနှင့် ကျန်စုပြည်နယ်များတွင် လေပြင်းမုန်တိုင်းများ မိုးသီးမိုးပေါက်များနှင့် မိုးသည်းထန်စွာ ရွာခဲ့သည်။ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း လူပေါင်း၎ ဒသမ၄၄သန်းခန့်၏ နေအိမ်များပျက်စီးခဲ့ပြီး ဟီနန်နှင့်အင်ဟူပြည်နယ်တို့တွင်လည်း ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။ ဇွန် ၃ရက် မွန်းတည့်ချိန်က ဟီနန်ပြည်နယ်ရှိ စင်ကျို့၊ ကီဖန်နှင့် ရှန်ကျုမြို့တို့အား မုန်တိုင်း စတင်တိုက်ခတ်ခဲ့ပြီး ခန့်မှန်းခြေတန်ဖိုး ယွမ် ၂ ဒသမ ၂၁၂ ဘီလိယံ(အမေရိကန် ဒေါ်လာ ၃၂၃ ဒသမ ၇ သန်း) ဆုံးရှုံးခဲ့သည်။

No comments:

Post a Comment