Friday, May 29, 2009

ဝက်သားနှင့်ဝက်ထွက်ပစ္စည်းများကို အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်/၁၆၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ချက်ပြုတ်စားသောက်ပါက ရောဂါကူးစက်မှုမရှိနိုင်


တုပ်ကွေးရောဂါ influenza A(H1N1)သည် ဧပြီလ (၁၇) ရက်မှ မေ (၂၇) ရက်အထိ နိုင်ငံပေါင်း ၄၈ နိုင်ငံသို့ ကူးစက်ပြန့်နှံ့ခဲ့ပြီး ရောဂါဖြစ်ပွားသူ (၁၃၃၉၈) ဦး၊ သေဆုံးသူ (၉၅) ဦးရှိကြောင်း သိရှိရသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်၊ တိုင်း၊ ခရိုင် ၊ မြို့နယ် အဆင့်ဆင့်တွင် ဒေသအာဏာပိုင်အဖွဲ့အစည်း ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်းနှင့် မွေးမြူရေးခြံ ဇီဝလုံခြုံမှု မြှင့်တင်ရေး ပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

လိုက်နာဆောင်ရွက်သင့်

ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဝက်များ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိပါက သီးခြားထားရှိခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်မှု ထိန်းချုပ်ခြင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သတင်းပို့ခြင်း ဆောင်ရွက်ရန် ဝက်ခြံများတွင် ဇီဝလုံခြုံရေးကို မြှင့်တင်ပေးရန်၊ ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေလက်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး စနစ်တကျဆောင်ရွက်ရန် မကျန်းမာသော ဝက်များကို ဈေးကွက်သို့ ပို့ဆောင်ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန် မူရင်း ဇစ်မြစ် မသိသောဝက်များကို ဈေးကွက်သို့ ပို့ဆောင်ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊ မူရင်းဇစ်မြစ် မသိသောဝက်များကို မွေးမြူခြင်း မပြုရန် စသည်ဖြင့် လိုက်နာဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ တုပ်ကွေးရောဂါ influenza A(H1N1)သည် မွေးမြူရေးဝက်သို့ ကူးစက်ဖြစ်ပွားမှု လုံးဝမရှိသေးကြောင်း ဝက်သားနှင့် ဝက်ထွက်ပစ္စည်းများကို အပူချိန် (၇၀) ဒီဂရီစင်တီဂရိတ် /(၁၆၀) ဒီဂရီဖာရင်ဟိုက်ဖြင့် ချက်ပြုတ်ပါက ဗိုင်းရပ်စ် ရှင်သန်မှုမရှိနိုင်ကြောင်း စနစ်တကျ သန့်ရှင်းစွာ ကိုင်တွယ် ချက်ပြုတ်စားသောက်ပါက ရောဂါ ကူးစက်မှုမရှိနိုင်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment