Tuesday, May 26, 2009

အရှေ့အလယ်ပိုင်းရှိအမေရိကန်အခြေစိုက်စခန်းများနှင့် အစ္စရေးနိုင်ငံအထိရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်အား အီရန်စမ်းသပ်ပစ်လွှတ်

အရှေ့အလယ်ပိုင်းရှိအမေရိကန်အခြေစိုက်စခန်းများနှင့် အစ္စရေးနိုင်ငံအထိရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်အား အီရန်က မေလ ၂၀ ရက်နေ့တွင် စမ်းသပ်ပစ်လွှတ်ခဲ့ရာ အနောက်နိုင်ငံများကပြစ်တင်ဝေဖန်ခဲ့ပြီး အီတလီနိုင်ငံခြားရေးဝန်ကြီးဧ။်သံတမန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ အီရန်မြောက်ပိုင်း၊ Semnan ပြည်နယ်တွင် Ssjji-2 ဒုံးကျည်အား ပစ်လွှတ်ခဲ့သည်ဟု အီရန်သမ္မတက ကြေညာခဲ့ပြီး ဒုံးကျည်သည်ပစ်မှတ်အား တိတိကျကျထိမှန်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါဒုံးကျည်တွင် တိကျသေချာပြီး ခေတ်မီသောအာရုံခံစနစ်ပါဝင်သကဲ့သို့ စောင့်ကြည့်စနစ်အသစ်တစ်ခုကိုလည်း ထည့်သွင်းထားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ လောင်စာခဲအားဖြည့်ထားပြီး အဆင့်နှစ်ဆင့်ပါသော Ssjji-2 ဒုံးကျည်သည် ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၅၀)အထိရောက်အောင် ပစ်ခတ်နိုင်သည်ဟု သိရသည်။ အီရန်နှင့် စေ့စပ်ဆွေးနွေးရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးပမ်းနေချိန်တွင် အီရန်ဧ။်လုပ်ဆောင်မှုသည် ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအား စိုးရိမ်မှုဖြစ်စေခဲ့သည်ဟုသိရသည်။ ၂၀၀၉ ခုနှစ်ကုန်ပိုင်းအထိ ၄င်းဧ။်သံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီးတုံ့ပြန်မှုပြုလုပ်ရန်နှင့် နျူစီမံကိန်းနှင့်ပတ်သက်၍ အလေးအနက်ထားဆွေးနွေးမှုပြုလုပ်ရန် အိုဘားမားက သတိပေးခဲ့ပြီးနောက် နှစ်ရက်အကြာတွင် အီရန်က ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အီရန်ဧ။် ဒုံးကျည်စမ်းသပ်မှုကြောင့် အီတလီနိုင်ငံခြားရေးဝန်ကြီးဧ။်ခရီးစဉ်အားဖျက်သိမ်းရန် ဗြိတိန်နှင့် ပြင်သစ်အစိုးရများက တိုက်တွန်းခဲ့ပြီး အနောက်နိုင်ငံများဧ။် ညီညွတ်မှုကိုပြသရမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

No comments:

Post a Comment